"Athel Kwel Pya Tike," meaning "The Museum of Broken Hearts" is a Burmese pop song about metaphorical museum filled with remnants of a past relationship, such as fragments of a broken heart, symbolizing hearbreaks and moments shared
Athel Kwel Pya Tike (အသည်းကွဲပြတိုက်)
Artist:
Album:Athel Kwel Pya Tike
Genre:Pop
When to listen:When you’re sorting through the fragments of love lost, reflecting on the bittersweet memories, and navigating the lingering emotions of heartbreak.
Lyrics
အသည်းကွဲပြတိုက်ထဲက
အသဲနှလုံးအပိုင်းအစလေးများ
နံရံပေါ်မှာရေးချိတ်ထားတဲ့ ရက် လ များစွာ
အသည်းကွဲပြတိုက်ထဲက
တို့နှစ်ယောက် အမှတ်တရများစွာ
နင်ကြုံလို့လမ်းတွေ့မိရင်
အရင်လိုလွမ်းနေအုန်းမလား
ပြတိုက်ထဲက လူတစ်ယောက်
အသည်းကွဲမှတ်တမ်းတွေများစွာ
သက်ဆိုင်သူလမ်းကြုံတွေ့ဖြစ်တဲ့ခါ
ပြန်လို့လွမ်းနေပါ့မလား
ပင်လယ်အောက်က မီးတောင်လို
ခံစားချက်လောင်ကျွမ်းနေရတာ
ခြေရာချင်းထပ်အောင်သွားခဲ့တဲ့
မြေနီကုန်းကလမ်းတွေကြားမှာ
အချစ်ငှက်တွေ တွေ့မိပြန်တော့
မျက်ရည်တွေကထိန်းမရခဲ့
အတူတူကြည့်ဖူးတဲ့ ရုပ်ရှင်ရုံ
လက်မှတ်တွေခုထိသိမ်းထားဆဲ
Coffee in the midnight
အိပ်ဆေးတွေသောက်လည်းအိပ်မရခဲ့
ဆံပင်ကုပ်ဝဲနဲ့မိန်းကလေးတစ်ယောက်
ကျွန်တော့်ကိုသက်သက်စိမ်းကားတယ်
ငါရုတ်တရက်အသည်းလေးကွဲသွားခဲ့တုန်းက
ငါဟာရူးရူးမိုက်မိုက် အချစ်ကိုတန်ဖိုးထား
မင်းအတွက်အမြဲတမ်း အသင့်ရှိခဲ့ပြီးမှ
နင်ရက်စက်စွာ
ထားခဲ့တာ
အသည်းကွဲပြတိုက်ထဲက
အသဲနှလုံးအပိုင်းအစလေးများ
နံရံပေါ်မှာရေးချိတ်ထားတဲ့ ရက် လ များစွာ
အသည်းကွဲပြတိုက်ထဲက
တို့နှစ်ယောက် အမှတ်တရများစွာ
နင်ကြုံလို့လမ်းတွေ့မိရင်
အရင်လိုလွမ်းနေအုန်းမလား
ငါတို့နှစ်ယောက်ကြားက
ခင်ခဲ့ကြတဲ့ သူငယ်ချင်းတွေ
အတူတူကြည့်ခဲ့ဖူးတဲ့
Drama တွေ ရုပ်ရှင်တွေ
အပြန်အလှန် ပို့ခဲ့ဖူးတဲ့
ကြည်နူးရတဲ့ မက်ဆေ့တွေ
မင်းလက်ကိုတွဲပြီးတော့
အိမ်ပြန်ခဲ့တဲ့ ညနေတွေ
မျက်နှာပူလိုက်ရတာ
မတော်လိုက်ရတဲ့ ယောက်ဖရေ
ဘယ်သူ့မှ မသိနိုင်တဲ့
သေရာပါ အမှတ်တရတွေ
မကြာမကြာ ထိုင်ဖြစ်ခဲ့တဲ့
မင်းအိမ်နားက မုန့်ဆိုင်လေး
ကွဲ ပြဲနေတဲ့ မျက်လုံးနဲ့
ဝေဝါးနေတဲ့ မနက်ခင်းတွေ
Move on လုပ်ဖို့အတွက် ဆုံးဖြတ်ရတဲ့နေ့စွဲတွေ
အမှတ်တရတွေ နံရံပေါ်မှာ ချိတ်ဆွဲနေ
ဒီညတော့ တစ်ခွက်လောက်တော့ သောက်ပါရစေ
မင်းငါ့ကိုထားခဲ့တာ ဒီနေ့နဲ့ဆိုခြောက်လပြည့်
ငါသိချင်သည်
မမျှတခြင်းနဲ့ လောကကြီး
စိတ်ဆန္ဒတွေ အလွန်များသည်
ခဏတာမသိလိုက်ခင်မှာ နေဝင်သွားခဲ့
အမှားအမှန်မသိ စိတ်ခြေတည့်ရာလွင့်မျောပြီး
ဘဝမှာနှမျောစရာဘာမှမရှိ နတ္ထိ
နင်ထားခဲ့တဲ့အတိုင်း
အသည်းကွဲပြတိုက်ထဲက
အသဲနှလုံးအပိုင်းအစလေးများ
နံရံပေါ်မှာရေးချိတ်ထားတဲ့ ရက် လ များစွာ
အသည်းကွဲပြတိုက်ထဲက
တို့နှစ်ယောက် အမှတ်တရများစွာ
နင်ကြုံလို့လမ်းတွေ့မိရင်
အရင်လိုလွမ်းနေအုန်းမလား
အသည်းကွဲပြတိုက်ထဲက
အသဲနှလုံးအပိုင်းအစလေးများ
နံရံပေါ်မှာရေးချိတ်ထားတဲ့ ရက် လ များစွာ
အသည်းကွဲပြတိုက်ထဲက
တို့နှစ်ယောက် အမှတ်တရများစွာ
နင်ကြုံလို့လမ်းတွေ့မိရင်
အရင်လိုလွမ်းနေအုန်းမလား
အသဲနှလုံးအပိုင်းအစလေးများ
နံရံပေါ်မှာရေးချိတ်ထားတဲ့ ရက် လ များစွာ
အသည်းကွဲပြတိုက်ထဲက
တို့နှစ်ယောက် အမှတ်တရများစွာ
နင်ကြုံလို့လမ်းတွေ့မိရင်
အရင်လိုလွမ်းနေအုန်းမလား
ပြတိုက်ထဲက လူတစ်ယောက်
အသည်းကွဲမှတ်တမ်းတွေများစွာ
သက်ဆိုင်သူလမ်းကြုံတွေ့ဖြစ်တဲ့ခါ
ပြန်လို့လွမ်းနေပါ့မလား
ပင်လယ်အောက်က မီးတောင်လို
ခံစားချက်လောင်ကျွမ်းနေရတာ
ခြေရာချင်းထပ်အောင်သွားခဲ့တဲ့
မြေနီကုန်းကလမ်းတွေကြားမှာ
အချစ်ငှက်တွေ တွေ့မိပြန်တော့
မျက်ရည်တွေကထိန်းမရခဲ့
အတူတူကြည့်ဖူးတဲ့ ရုပ်ရှင်ရုံ
လက်မှတ်တွေခုထိသိမ်းထားဆဲ
Coffee in the midnight
အိပ်ဆေးတွေသောက်လည်းအိပ်မရခဲ့
ဆံပင်ကုပ်ဝဲနဲ့မိန်းကလေးတစ်ယောက်
ကျွန်တော့်ကိုသက်သက်စိမ်းကားတယ်
ငါရုတ်တရက်အသည်းလေးကွဲသွားခဲ့တုန်းက
ငါဟာရူးရူးမိုက်မိုက် အချစ်ကိုတန်ဖိုးထား
မင်းအတွက်အမြဲတမ်း အသင့်ရှိခဲ့ပြီးမှ
နင်ရက်စက်စွာ
ထားခဲ့တာ
အသည်းကွဲပြတိုက်ထဲက
အသဲနှလုံးအပိုင်းအစလေးများ
နံရံပေါ်မှာရေးချိတ်ထားတဲ့ ရက် လ များစွာ
အသည်းကွဲပြတိုက်ထဲက
တို့နှစ်ယောက် အမှတ်တရများစွာ
နင်ကြုံလို့လမ်းတွေ့မိရင်
အရင်လိုလွမ်းနေအုန်းမလား
ငါတို့နှစ်ယောက်ကြားက
ခင်ခဲ့ကြတဲ့ သူငယ်ချင်းတွေ
အတူတူကြည့်ခဲ့ဖူးတဲ့
Drama တွေ ရုပ်ရှင်တွေ
အပြန်အလှန် ပို့ခဲ့ဖူးတဲ့
ကြည်နူးရတဲ့ မက်ဆေ့တွေ
မင်းလက်ကိုတွဲပြီးတော့
အိမ်ပြန်ခဲ့တဲ့ ညနေတွေ
မျက်နှာပူလိုက်ရတာ
မတော်လိုက်ရတဲ့ ယောက်ဖရေ
ဘယ်သူ့မှ မသိနိုင်တဲ့
သေရာပါ အမှတ်တရတွေ
မကြာမကြာ ထိုင်ဖြစ်ခဲ့တဲ့
မင်းအိမ်နားက မုန့်ဆိုင်လေး
ကွဲ ပြဲနေတဲ့ မျက်လုံးနဲ့
ဝေဝါးနေတဲ့ မနက်ခင်းတွေ
Move on လုပ်ဖို့အတွက် ဆုံးဖြတ်ရတဲ့နေ့စွဲတွေ
အမှတ်တရတွေ နံရံပေါ်မှာ ချိတ်ဆွဲနေ
ဒီညတော့ တစ်ခွက်လောက်တော့ သောက်ပါရစေ
မင်းငါ့ကိုထားခဲ့တာ ဒီနေ့နဲ့ဆိုခြောက်လပြည့်
ငါသိချင်သည်
မမျှတခြင်းနဲ့ လောကကြီး
စိတ်ဆန္ဒတွေ အလွန်များသည်
ခဏတာမသိလိုက်ခင်မှာ နေဝင်သွားခဲ့
အမှားအမှန်မသိ စိတ်ခြေတည့်ရာလွင့်မျောပြီး
ဘဝမှာနှမျောစရာဘာမှမရှိ နတ္ထိ
နင်ထားခဲ့တဲ့အတိုင်း
အသည်းကွဲပြတိုက်ထဲက
အသဲနှလုံးအပိုင်းအစလေးများ
နံရံပေါ်မှာရေးချိတ်ထားတဲ့ ရက် လ များစွာ
အသည်းကွဲပြတိုက်ထဲက
တို့နှစ်ယောက် အမှတ်တရများစွာ
နင်ကြုံလို့လမ်းတွေ့မိရင်
အရင်လိုလွမ်းနေအုန်းမလား
အသည်းကွဲပြတိုက်ထဲက
အသဲနှလုံးအပိုင်းအစလေးများ
နံရံပေါ်မှာရေးချိတ်ထားတဲ့ ရက် လ များစွာ
အသည်းကွဲပြတိုက်ထဲက
တို့နှစ်ယောက် အမှတ်တရများစွာ
နင်ကြုံလို့လမ်းတွေ့မိရင်
အရင်လိုလွမ်းနေအုန်းမလား