"Radio," is a Burmese hip hop song about the struggle of grappling with unresolved emotions, reliving memories, and holding on to fading hope while facing the harsh reality of moving forward
Radio (ရေဒီယို)
တေးဆို:
G-Fatt,Wink
အယ်ဘမ်:Radio
အမျိုးအစား:Hip Hop, Rap
ဘယ်အချိန်နားထောင်:When you're reflecting on past love, feeling nostalgic, and tuning into the memories like an old radio playing moments.
သီချင်းစာသား
ဟိုတုန်းကလို အရင်တုန်းကလို
မျှော်လင့်ဆဲပါကွာ တစ်ယောက်တည်း
အိမ်မက် မက်တယ် မနေ့တုန်းကဆို
အရင်တိုင်းပဲ သူဟာ ပြန်လာသတဲ့
မိုးလင်းကမိုးချုပ် မင်းစိတ်နဲ့
ဖျောက်ဖျက်ရခက်တဲ့ ဒီအစွန်းတွေ
မပြေလည်နိုင်ပါ နေ့တိုင်းညစ်နေတယ်
(နေ့တိုင်းညစ်နေတယ်) Yeah x Yeah
မိုးလင်းကမိုးချုပ် မင်းစိတ်နဲ့
ဖျောက်ဖျက်ရခက်တဲ့ ဒီအစွန်းတွေ
မပြေလည်နိုင်တော့ဘူး
မိန်းကလေးငါမပြေလည်နိုင်တော့ဘူး
မြောက်အရပ်က ငှက်တွေ
ယောက်ယှက်ထခက်နေပြီဆို
သေချာတယ် မိုးမဲတွေ တရိပ်ရိပ်လာနေရော့မယ်
သောက်လက်စခွက်ကလေး နဲ့ အနောက်ဘက်က
ညနေကိုငေးရင်း တောင်ပေါ် အိမ်လေး
သိမ့်သိမ့်ခါနေပေါ့ကွယ်
တိမ်တွေကအခန်းထဲထိ ဝင်လာတာချမ်းခဲ့မိ
အိမ်အပြင်မှာ သစ်သားချောင်းလေးတွေ
ထင်းမွှေးရန်မရှိခဲ့
လေတွေက ကြမ်းတယ် ဒီစောင်ခြုံကာ လွမ်းခဲ့
ဒီလူကိုယ်စား ခဏလာမင်းလေးခံ ကြည့်လှည့်
အရှေ့ဘက်တောင်တန်းကြီး အထက်မှာ
မြင်းလေး ပြန်စီးမယ်
ဒို့၂ယောက် ရန်ဖြစ်ခဲ့ဖူးတဲ့
အင်းလေးကန်ကြီးအလယ်
တစ်နေ့တော့ အခုလိုလွမ်းတဲ့အကြောင်းတွေ
မင်းလေး ပြန်သိမယ်
ဒီနေ့တော့ အခုလိုလွမ်းတဲ့အကြောင်းငါသီချင်းလေး ပြန်ဖန်တီးခဲ့
ဟိုတုန်းကလို အရင်တုန်းကလို
မျှော်လင့်ဆဲပါကွာ တစ်ယောက်တည်း
အိမ်မက် မက်တယ် မနေ့တုန်းကဆို
အရင်တိုင်းပဲ သူ ပြန်လာသတဲ့
မိုးလင်းကမိုးချုပ် မင်းစိတ်နဲ့
ဖျောက်ဖျက်ရခက်တဲ့ ဒီအစွန်းတွေ
မပြေလည်နိုင်ပါ နေ့တိုင်းညစ်နေတယ်
(နေ့တိုင်းညစ်နေတယ်) Yeah x Yeah
မိုးလင်းကမိုးချုပ် မင်းစိတ်နဲ့
ဖျောက်ဖျက်ရခက်တဲ့ ဒီအစွန်းတွေ
မပြေလည်နိုင်တော့ဘူး
စဉ်းစားရခက်နေတယ်
O မင်းထားသွားရက်လေတယ်
မိုးချုပ်တော့မယ့်ညနေဝယ်
အဆိုးဆုံးကတော့ ငါတစ်ယောက်ထဲ
တိတ်ဆိတ်တဲ့ညနေရယ်
ငေးကြည့်ရတဲ့ကျောပြင်ရယ်
ဝမ်းမနည်းကြတဲ့ပန်းတွေရယ်
အဆိုးဆုံးကတော့ငါတစ်ယောက်ထဲ
ပင့်ကူအိမ်များလို ရစ်နှောင်တွယ်ပြီးမှ
နင်ဖျက်ဆီးခဲ့ ငါ့ဘဝအား
ဝတ်မှုန်ကုန်သွားချိန် မင်းပြန်ထွက်သွားသလား
လှည်ပြန်မကြည့်တဲ့ ပန်းပွင့်များ
ဝရံတာမှာ ပက်လက်လဲ
ကြယ်တွေကိုတွက်ချက်ခဲ့တယ်
မိုးလင်းပေါက်အထိပဲ
ဒီခန္ဓာကိုယ် ပတ်ပတ်လည်
တုန်ခါနေ တစ်ဆတ်ဆတ် နဲ့
ဆံနွယ်တွေဟာ ညင်သာလွန်းတယ်
နတ်ဖွက်တဲ့အလင်းတွေမလာခင် အချစ်ရယ်
မောင့် jacket ထဲမှာဝင်နေစမ်းကွယ်
မရပ်မနားငါ ခရီးနှင်ခဲ့တယ် ရထားသဖွယ်
ရွာသားတွေနိုးကုန်ကြရင်ခက်သားရယ်
မရပ်မနားငါ ခရီးနှင်ခဲ့တယ် ရထားသဖွယ်
ရွာသားတွေနိုးကုန်ကြရင်ခက်သားရယ်
ဒီတောင်ကုန်းပေါ် မြူတွေဖုံးရင်
နှင်းစက်များရွှဲပြီး လေတွေတိုးရင်
ရေမချိုးချင်တဲ့ကောင်မလေးအကြောင်း
သီချင်းစပ်ထားတယ်
ကိုယ်ကမချစ်တတ်လောက်ဘူးဆိုပြီး
သစ်ရွက်ခြောက်တွေလို လွှင့်ထွက်မသွားနဲ့
မင်းက လမ်းခွဲဖို့ပြောတိုင်း
အခန်းထဲက မီးသီးလေးလို
ကိုယ့်မှာ အလင်းဓါတ်အားနည်း
ဒီလူကိုထားပြီးမင်းက ရွှေပြည်ကို ပြေးခဲ့
တောင်ပေါ်ရွာလေးရဲ့နံဘေးမှာစေတီအိုလေးနဲ့
မိုးလင်းမိုးချုပ်ဆုတောင်းတယ်
အဆင်းလမ်းလေးအတိုင်းပြန်ခဲ့ကွယ်
ကိုယ်သိပ်ချစ်ရတဲ့ ရေဒီယိုလေးရယ်
ဟိုတုန်းကလို အရင်တုန်းကလို
မျှော်လင့်ဆဲပါကွာ တစ်ယောက်တည်း
အိမ်မက် မက်တယ် မနေ့တုန်းကဆို
အရင်တိုင်းပဲ သူဟာ ပြန်လာသတဲ့
မိုးလင်းကမိုးချုပ် မင်းစိတ်နဲ့
ဖျောက်ဖျက်ရခက်တဲ့ ဒီအစွန်းတွေ
မပြေလည်နိုင်ပါ နေ့တိုင်းညစ်နေတယ်
(နေ့တိုင်းညစ်နေတယ်) Yeah x Yeah
မိုးလင်းကမိုးချုပ် မင်းစိတ်နဲ့
ဖျောက်ဖျက်ရခက်တဲ့ ဒီအစွန်းတွေ
မပြေလည်နိုင်တော့ဘူး
မျှော်လင့်ဆဲပါကွာ တစ်ယောက်တည်း
အိမ်မက် မက်တယ် မနေ့တုန်းကဆို
အရင်တိုင်းပဲ သူဟာ ပြန်လာသတဲ့
မိုးလင်းကမိုးချုပ် မင်းစိတ်နဲ့
ဖျောက်ဖျက်ရခက်တဲ့ ဒီအစွန်းတွေ
မပြေလည်နိုင်ပါ နေ့တိုင်းညစ်နေတယ်
(နေ့တိုင်းညစ်နေတယ်) Yeah x Yeah
မိုးလင်းကမိုးချုပ် မင်းစိတ်နဲ့
ဖျောက်ဖျက်ရခက်တဲ့ ဒီအစွန်းတွေ
မပြေလည်နိုင်တော့ဘူး
မိန်းကလေးငါမပြေလည်နိုင်တော့ဘူး
မြောက်အရပ်က ငှက်တွေ
ယောက်ယှက်ထခက်နေပြီဆို
သေချာတယ် မိုးမဲတွေ တရိပ်ရိပ်လာနေရော့မယ်
သောက်လက်စခွက်ကလေး နဲ့ အနောက်ဘက်က
ညနေကိုငေးရင်း တောင်ပေါ် အိမ်လေး
သိမ့်သိမ့်ခါနေပေါ့ကွယ်
တိမ်တွေကအခန်းထဲထိ ဝင်လာတာချမ်းခဲ့မိ
အိမ်အပြင်မှာ သစ်သားချောင်းလေးတွေ
ထင်းမွှေးရန်မရှိခဲ့
လေတွေက ကြမ်းတယ် ဒီစောင်ခြုံကာ လွမ်းခဲ့
ဒီလူကိုယ်စား ခဏလာမင်းလေးခံ ကြည့်လှည့်
အရှေ့ဘက်တောင်တန်းကြီး အထက်မှာ
မြင်းလေး ပြန်စီးမယ်
ဒို့၂ယောက် ရန်ဖြစ်ခဲ့ဖူးတဲ့
အင်းလေးကန်ကြီးအလယ်
တစ်နေ့တော့ အခုလိုလွမ်းတဲ့အကြောင်းတွေ
မင်းလေး ပြန်သိမယ်
ဒီနေ့တော့ အခုလိုလွမ်းတဲ့အကြောင်းငါသီချင်းလေး ပြန်ဖန်တီးခဲ့
ဟိုတုန်းကလို အရင်တုန်းကလို
မျှော်လင့်ဆဲပါကွာ တစ်ယောက်တည်း
အိမ်မက် မက်တယ် မနေ့တုန်းကဆို
အရင်တိုင်းပဲ သူ ပြန်လာသတဲ့
မိုးလင်းကမိုးချုပ် မင်းစိတ်နဲ့
ဖျောက်ဖျက်ရခက်တဲ့ ဒီအစွန်းတွေ
မပြေလည်နိုင်ပါ နေ့တိုင်းညစ်နေတယ်
(နေ့တိုင်းညစ်နေတယ်) Yeah x Yeah
မိုးလင်းကမိုးချုပ် မင်းစိတ်နဲ့
ဖျောက်ဖျက်ရခက်တဲ့ ဒီအစွန်းတွေ
မပြေလည်နိုင်တော့ဘူး
စဉ်းစားရခက်နေတယ်
O မင်းထားသွားရက်လေတယ်
မိုးချုပ်တော့မယ့်ညနေဝယ်
အဆိုးဆုံးကတော့ ငါတစ်ယောက်ထဲ
တိတ်ဆိတ်တဲ့ညနေရယ်
ငေးကြည့်ရတဲ့ကျောပြင်ရယ်
ဝမ်းမနည်းကြတဲ့ပန်းတွေရယ်
အဆိုးဆုံးကတော့ငါတစ်ယောက်ထဲ
ပင့်ကူအိမ်များလို ရစ်နှောင်တွယ်ပြီးမှ
နင်ဖျက်ဆီးခဲ့ ငါ့ဘဝအား
ဝတ်မှုန်ကုန်သွားချိန် မင်းပြန်ထွက်သွားသလား
လှည်ပြန်မကြည့်တဲ့ ပန်းပွင့်များ
ဝရံတာမှာ ပက်လက်လဲ
ကြယ်တွေကိုတွက်ချက်ခဲ့တယ်
မိုးလင်းပေါက်အထိပဲ
ဒီခန္ဓာကိုယ် ပတ်ပတ်လည်
တုန်ခါနေ တစ်ဆတ်ဆတ် နဲ့
ဆံနွယ်တွေဟာ ညင်သာလွန်းတယ်
နတ်ဖွက်တဲ့အလင်းတွေမလာခင် အချစ်ရယ်
မောင့် jacket ထဲမှာဝင်နေစမ်းကွယ်
မရပ်မနားငါ ခရီးနှင်ခဲ့တယ် ရထားသဖွယ်
ရွာသားတွေနိုးကုန်ကြရင်ခက်သားရယ်
မရပ်မနားငါ ခရီးနှင်ခဲ့တယ် ရထားသဖွယ်
ရွာသားတွေနိုးကုန်ကြရင်ခက်သားရယ်
ဒီတောင်ကုန်းပေါ် မြူတွေဖုံးရင်
နှင်းစက်များရွှဲပြီး လေတွေတိုးရင်
ရေမချိုးချင်တဲ့ကောင်မလေးအကြောင်း
သီချင်းစပ်ထားတယ်
ကိုယ်ကမချစ်တတ်လောက်ဘူးဆိုပြီး
သစ်ရွက်ခြောက်တွေလို လွှင့်ထွက်မသွားနဲ့
မင်းက လမ်းခွဲဖို့ပြောတိုင်း
အခန်းထဲက မီးသီးလေးလို
ကိုယ့်မှာ အလင်းဓါတ်အားနည်း
ဒီလူကိုထားပြီးမင်းက ရွှေပြည်ကို ပြေးခဲ့
တောင်ပေါ်ရွာလေးရဲ့နံဘေးမှာစေတီအိုလေးနဲ့
မိုးလင်းမိုးချုပ်ဆုတောင်းတယ်
အဆင်းလမ်းလေးအတိုင်းပြန်ခဲ့ကွယ်
ကိုယ်သိပ်ချစ်ရတဲ့ ရေဒီယိုလေးရယ်
ဟိုတုန်းကလို အရင်တုန်းကလို
မျှော်လင့်ဆဲပါကွာ တစ်ယောက်တည်း
အိမ်မက် မက်တယ် မနေ့တုန်းကဆို
အရင်တိုင်းပဲ သူဟာ ပြန်လာသတဲ့
မိုးလင်းကမိုးချုပ် မင်းစိတ်နဲ့
ဖျောက်ဖျက်ရခက်တဲ့ ဒီအစွန်းတွေ
မပြေလည်နိုင်ပါ နေ့တိုင်းညစ်နေတယ်
(နေ့တိုင်းညစ်နေတယ်) Yeah x Yeah
မိုးလင်းကမိုးချုပ် မင်းစိတ်နဲ့
ဖျောက်ဖျက်ရခက်တဲ့ ဒီအစွန်းတွေ
မပြေလည်နိုင်တော့ဘူး