URGENT: Support Myanmar Earthquake Relief • Over 4,000 deaths by 7.7 magnitude earthquake • 10000+ injured, many families displaced • Donate medical supplies, food, and shelter materials • Support local relief organizations on the ground • Emergency aid needed in rural regions • Click here to browse charities • URGENT: Support Myanmar Earthquake Relief • Over 4,000 deaths by 7.7 magnitude earthquake • 10000+ injured, many families displaced • Donate medical supplies, food, and shelter materials • Support local relief organizations on the ground • Emergency aid needed in rural regions • Click here to browse charities
Why

A song showcasing the pain and regret of a broken relationship, reflecting on love lost and the reasons behind the breakup

Why

Artist:
Doublej,Jixk Gabby
Album:Why
Genre:Hip Hop, Rap
When to listen:In the moments of heartache and reflection when you're reminiscing about a past relationship and need to process the pain and emotions of love lost.

Lyrics

စကားလုံးရဲ့အဆုံးမှာ
မင်းလေးမျက်ရည်ပြို
နာကျင်စွာနဲ့
လမ်းခွဲခြင်းကိုရွေး
ကမ္ဘာတူနေလည်း
ချစ်ဖို့မဖြစ်နိုင်သေး
မချစ်လို့မှမဟုတ်တာကို
မင်းလည်းသိမယ်လို့
ဝန်ခံချင်ရက်
ဖွင့်ဟခွင့်တောင်မရခဲ့
ပိုင်ဆိုင်ချင်ရက်စွန့်လွှတ်လိုက်တာ
ငါ့အမှားပဲ

ရူးရူးမိုက်မိုက်
ဒို့စွဲလမ်းကြတယ်
အချစ်တစ်ခုအောက်မှာ
ကျရှုံးခဲ့ရတယ်
ငါနင့်ကိုဘာကြောင့်များ
ချစ်မိသွားလဲ
ငါနဲ့နင်နဲ့ဘာကြောင့်
ချစ်ခဲ့ကြလဲ
အေးတိအေးစက်
မင်းအပြုများနောက်ကွယ်
မပြောဖြစ်ခဲ့တဲ့
စကားလုံးများကြောင့်ရယ်
ငါနဲ့နင်နဲ့ ဘာကြောင့်ဝေးခဲ့ရလဲ
ငါနဲ့နင်နဲ့ ဘာကြောင့်ဝေးခဲ့ရလဲ

အဲ့ဒီညမှာ အသည်းကွဲတာနဲ့စ
နောက်ထပ်သူစိမ်းတစ်ယောက်ကို
ထပ်ချစ်နိုင်သေးလားလို့မင်းမေးရင်
အရာအားလုံးဟာ
မင်းနဲ့သက်ဆိုင်တယ်လို့မင်းတွေးရင်
ဒါဟာအမှန်တရားပဲလေ
အချစ်ရေ မင်းနဲ့မဝေးချင်
ငါ့အိမ်မက်တွေဟာ
ဟိမဝန္တာ နှင်းတွေထဲကိုရောက်ခဲ့
ဒြပ်မဲ့ ကွန်ကရစ်နဲ့လုပ်ထားတဲ့
မီးတောင်များပေါ်ရောက်ခဲ့
တစ်ဝေါဝေါ ဆင်းနေတဲ့မြစ်ရဲ့
မလွန်ဆန်နိုင်ခြင်းပေါ်ရောက်ခဲ့
မင်းရဲ့အချစ်ဆိုတဲ့ နာကျင်ရခြင်းအပေါ်
တိုက်တွေဆောက်ခဲ့
ငါဟာမင်းနဲ့ပတ်သက်ရင်
စိတ်ပျော့လွန်းနေလို့တဲ့ ရူးမိုက်စရာ
မင်းပန်းပဲခူးခူး လမ်းပဲကူးကူး
ဘဝမှာ ဂရုစိုက်ပါ
အသည်းကွဲတဲ့ တနင်္လာနေ့တွေဟာ
အပတ်တိုင်းမှာ ငါ့ဆီရောက်လာ
နိုင်ငံတော်သတင်းစာထဲ ထည့်ရေးရင်
မင်းက ထရယ်လောက်မလား
ချစ်တယ်
တကယ်ဆိုခေါင်းတွေသာငြိမ့်မိသူ
မင်းမျက်နှာလေး မြင်ရဖို့
ကံကြမ္မာကို ဓားနဲ့ကျိမ်းမိသူ
ပျော်ရွှင်ခဲ့တယ်မင်းနဲ့ငါ
တကယ်ဆို ချစ်ခဲ့တာ မင်းနဲ့ငါ
အသည်းတွေကွဲလည်း
နောင်တတွေမရခဲ့တာ မင်းနဲ့ငါ

ရူးရူးမိုက်မိုက်
ဒို့စွဲလမ်းကြတယ်
အချစ်တစ်ခုအောက်မှာ
ကျရှုံးခဲ့ရတယ်
ငါနင့်ကိုဘာကြောင့်များ
ချစ်မိသွားလဲ
ငါနဲ့နင်နဲ့ဘာကြောင့်
ချစ်ခဲ့ကြလဲ
အေးတိအေးစက်
မင်းအပြုများနောက်ကွယ်
မပြောဖြစ်ခဲ့တဲ့
စကားလုံးများကြောင့်ရယ်
ငါနဲ့နင်နဲ့ ဘာကြောင့်ဝေးခဲ့ရလဲ
ငါနဲ့နင်နဲ့ ဘာကြောင့်ဝေးခဲ့ရလဲ

ohh..oh..oh..oo..oh...

ရူးရူးမိုက်မိုက်
ဒို့စွဲလမ်းကြတယ်
အချစ်တစ်ခုအောက်မှာ
ကျရှုံးခဲ့ရတယ်
ငါနင့်ကိုဘာကြောင့်များ
ချစ်မိသွားလဲ
ငါနဲ့နင်နဲ့ဘာကြောင့်
ချစ်ခဲ့ကြလဲ
အေးတိအေးစက်
မင်းအပြုများနောက်ကွယ်
မပြောဖြစ်ခဲ့တဲ့
စကားလုံးများကြောင့်ရယ်
ငါနဲ့နင်နဲ့ ဘာကြောင့်ဝေးခဲ့ရလဲ
ငါနဲ့နင်နဲ့ ဘာကြောင့်ဝေးခဲ့ရလဲ

Aww...haw...