URGENT: Support Myanmar Earthquake Relief • Over 4,000 deaths by 7.7 magnitude earthquake • 10000+ injured, many families displaced • Donate medical supplies, food, and shelter materials • Support local relief organizations on the ground • Emergency aid needed in rural regions • Click here to browse charities • URGENT: Support Myanmar Earthquake Relief • Over 4,000 deaths by 7.7 magnitude earthquake • 10000+ injured, many families displaced • Donate medical supplies, food, and shelter materials • Support local relief organizations on the ground • Emergency aid needed in rural regions • Click here to browse charities
Saung Twin Nway (ဆောင်းတွင်းနွေ)

A haunting melody of loss and obsession, as he grapples with the harsh reality that she'll never return, leaving his existence in the shadows

Saung Twin Nway (ဆောင်းတွင်းနွေ)

Artist:
The Zero
Album:Saung Twin Nway
Genre:Myanmar Indie
When to listen:You know your ex is never going to come back to you. Listen to this in a dark moody place!

Lyrics

ကျောက်ရုပ်လို လှုပ်လို့မရတော့ဘူး
အေးစက်နေ
Circus က Clown လို အပြောင်အပျက်သဘော
ပေါ့ပျက်ပျက် ကတိတွေ
အမှိုက်လို မီးပြာချ အခိုးအငွေ့တွေ
အေးစက်စက်အနမ်းတွေ ငါ့အတွက်
ပူလောင်သွား

နင်အတောင်းပံညောင်းမှ
ခိုနားမယ့် သစ်တစ်ကိုင်း
ငါ ကျေနပ်စွာ လက်ခံထား

နှုတ်ခမ်းနီရဲလေးတွေ
စွန်းကျန်နေတဲ့ တီရှပ်တစ်ထည်
ပြာခြွေခွက်ထဲက အိပ်မက်တွေ
နင်ပြန်မလာတော့ဘူး ငါ့ဆီ
နှင်းတွေဝေနေတဲ့ မနက်ခင်း
ပူလောင်လွန်းလှပြီ
ဆောင်းတွင်းနွေ

နှင်းခဲတွေ မိုးပေါ်ကကြွေကျ
အငြှိုးကြီးစွာ
အိပ်ခန်းထဲမှာ ချော်ရည်ပူတွေ စီးဆင်း
ဥပက္ခောပြုလို့ အဆက်အသွယ်ဖြတ်ခါမှ
ခလုတ်တိုက်ကာ
သတိရမိသွားတဲ့ မင်းရဲ့ဝိုင်ခွက်လေးက
အနားမှာ

နင်အတောင်းပံညောင်းမှ
ခိုနားမယ့် သစ်တစ်ကိုင်း
ငါကျေနပ်စွာ လက်ခံထား

နှုတ်ခမ်းနီရဲလေးတွေ
စွန်းကျန်နေတဲ့ တီရှပ်တစ်ထည်
ပြာခြွေခွက်ထဲက အိပ်မက်တွေ
နင်ပြန်မလာတော့ဘူး ငါ့ဆီ
နှင်းတွေဝေနေတဲ့ မနက်ခင်း
ပူလောင်လွန်းလှပြီ
ဆောင်းတွင်းနွေ

နှုတ်ခမ်းနီရဲလေးတွေ
စွန်းကျန်နေတဲ့ တီရှပ်တစ်ထည်
ပြာခြွေခွက်ထဲက အိပ်မက်တွေ
နင်ပြန်မလာတော့ဘူး ငါ့ဆီ
နှင်းတွေဝေနေတဲ့ မနက်ခင်း
ပူလောင်လွန်းလှပြီ
ဆောင်းတွင်းနွေ

ပူလောင်လွန်းလှပြီ
ဆောင်း တွင်းနွေ